Tuesday, October 7, 2014

မင်းမှမသိတာ


ခလုပ်တစ်ချက်ဖြုတ်ရုံလောက်နဲ့
နှလုံးသားတစ်စုံ အခုန်ရပ်မယ်ထင်နေတာလား..
သေကောင်ပေါင်းလဲ ငါးတစ်ကောင်လို
ဖျတ်ဖျတ်လူးနေတာ မင်းမှမသိတာ

တည်တည်ငြိမ်ငြိမ်လေးပြန်ဆုံချင်တယ်တဲ့လား
မင်းသာတကယ်တည်ငြိမ်တယ်ဆိုရင်တော့
မဆုံဖြစ်လို့လဲ..
အရသာပျက်မသွားသလို
ဆုံဖြစ်လို့လဲ အရသာ ထူးမလာလောက်တော့ပါဘူး..သူငယ်ချင်း..။

No comments:

Post a Comment