Tuesday, October 7, 2014

ငှက်ကြီးရေ..လွမ်းတယ်ဗျာ..။

ငှက်ကြီးရေ..လွမ်းတယ်ဗျာ..။
Posted by Htet Zaw in ကဗျာ
ခင်ဗျားနဲ့ကျွန်တော်မောင်းလှဲခဲ့တဲ့
လှည်းတမ်းရဲ့ညနေခင်းကိုလွမ်းတယ်
ဘာသာဗေဒတွေမရောယှက်တဲ့
ဂီတရဲ့ညနေခင်းကိုလွမ်းတယ်..။
မိန်းမဝတ်တွေနဲ့ ကန့်ကွက်ခံရတဲ့
G Hall ရဲ့ညတွေကိုလွမ်းတယ်
“နွေးအေး”မှာစီးချင်းထိုးခဲ့တဲ့
Y.I.T နေ့တွေကိုလွမ်းတယ်...။

ခင်ဗျားရဲ့အတ္တတွေကို
လှပတဲ့သက်ငြိမ်ပန်းချီကားတစ်ချပ်အဖြစ်
ကျွန်တော်လွမ်းနေတယ်...။
နာရီပေါ်ကမျက်ရည်စက်တွေက
ခင်ဗျားရဲ့မှော်ဆရာအိမ်မက်တွေလား..။
အခါလွန်တဲ့မိုးကကော...
လူနဲ့အင်္ကျီ ကကော....
အမေ့အိမ်ကကော....
အတ္တပုံဆောင်ခဲတွေပဲလား..။
ဘာပဲဖြစ်ဖြစ်ပါ..
ဂျပ်ဆင်ထိပ်ကလရိပ်ကတော့
သာနေဆဲပါပဲဗျာ...။
သီချင်းများနဲ့လူကြီးရေ...
ကုန်ကုန်ပြောရရင်ဗျာ..
ထင်းရူးပင်ရိပ်ကနေ..မဟာဝီရ...ပËိပက္ခအထိပေါ့
ခင်ဗျားရဲ့ဂီတ..
ခင်ဗျားရဲ့ကဗျာ..တွေကိုတော့
ခင်ဗျားရဲ့မရဏက ကားလိပ်မချနိုင်ခဲ့ဘူး...
တစ်နေ့တာအလွဲတွေနဲ့ပဲ
ဘဝကို ခင်ဗျားအနိုင်နဲ့ပိုင်းသွားတယ်လေ...။
ခင်ဗျားမယူပဲထားခဲ့လို့ပေါ့...
ခင်ဗျားဘယ်တော့မှမရှုံးတော့ဘူး..လေ။
အထူးအိမ်ခင်တဲ့ ထူးအိမ်သင်ရေ..
ခင်ဗျားက ကျုပ်တို့အမေ့အိမ်ကို ပိုင်ပါတယ်ဗျာ...။
(ထက်ဇော်)

No comments:

Post a Comment