Tuesday, October 7, 2014

အိမ်ခြေယာခြေမဲ့ အိမ်မက်များ( ၁ )

အိမ်ခြေယာခြေမဲ့ အိမ်မက်များ( ၁ )
Posted by Htet Zaw in ကဗျာ
ဒါ..ခြေချော်လက်ချော်ဖြစ်ခဲ့တာမဟုတ်ဘူး
အသေအခြာကိုလွဲချော်မှုတစ်ခုဖြစ်တယ်..။
စကတည်းကနေရာမှားနားခဲ့တဲ့ကောင်
အဝေးကွင်းနဲ့သာပွဲတွေ့ရတော့မပေါ့...။

တွင်းဝင်ဖြောင့်ချင်တယ်ဆိုရအောင်..မင်းကမြွေတစ်ကောင်လား..။
ခေါင်း(ဂေါင်း)တွေကိုအမှားပြင်ချင်ရအောင်..ဆတ္တာသည်တစ်ယောက်လား..။
ဒီလိုအမေးတွေအတွက်တော့အဖြေမရှိခဲ့ဘူး...။
ဒါပေမယ့်...
ဘဝကိုပါးရက်နားရက်နဲ့မသွားချင်ဘူး...။
သားရေပေါ်အိပ် သားရေနားလည်းမစားချင်ဘူး...။
ကလေးဘဝကို သူရဲကောင်းပုံပြင်တွေနဲ့ကြီးခဲ့တဲ့ငါ
အရွယ်ရောက်ပြီးမှ နွားဆန်ဆန်ဘဝကိုမကျောင်းဘူး..။
နီသလိုပြာသလိုအရောင်တွေနဲ့ရောသုတ်
ခပ်ကျဲကျဲအရောင်ပုတ်ပုတ်မစ်ရှိတ်တစ်ခွက်လည်းမလုပ်နိုင်ဘူး။
အဲဒီလိုခေါင်းမာအတွေးတွေနဲ့
ဟောဒီ...အမေ့အိမ်နဲ့အဝေးကြီးမှာ
အဖေ့ဈာပနတောင်ပြန်မကြည့်နိုင်ခဲ့ဘူးလေ..။
ဘဝမှာ ဘာမှပြန်မရတော့တောင်မှ
အချိန်ကျရင်..ငါတို့ဆယ်လမွန်တွေအတွက်
ကိုယ့်ချောင်းရိုးလေးကိုယ်ပြန်ရစေမယ်လို့
ထင်တစ်လုံးကိုအရည်ဖျော်သောက်
ကိုယ့်အသားကိုယ်ပြန်စားရင်း
နေ့ခင်းကြောင်တောင် အိပ်မက်တွေမက်နေတဲ့ကောင်ပေါ့..။
( ထက်ဇော် ) 

No comments:

Post a Comment