Tuesday, October 7, 2014

တောင်းပန်ပါတယ်" ကိုချို တူးဇော် "

တောင်းပန်ပါတယ်" ကိုချို တူးဇော် "
-----------------------------------------------
အကိုင်းတိုင်းမှာသီးခွင့်ပွင့်ခွင့်ရှိသလို၊ လူတိုင်းမှာလဲ ကြိုက်ခွင့်မကြိုက်ခွင့် ဆိုတာရှိပါတယ်။ဒါပေမယ့် ရှိတဲ့အခွင့်အရေးကိုတန်ဖိုးထားတတ်ဖို့လိုပါလိမ့်မယ်။
ကျွန်တော်က စေတနာစကား ပြောတာပါ။ ဒီလို ဆင်ခြေပေး ပြီးတစ်ဖက်လှည့်နဲ့ ဆဲရေး တိုင်းထွာ တယ်လို့ထင်ခဲ့ရင်လဲ..အဲ..ထင်ချင်ရာထင်ပေါ့ဗျာ။မတတ်နိုင်ဘူး
လို့ တော့ မပြောချင်ပါဘူး။ကုန်ကုန်ပြော ရင် ဂရုမစိုက်တာ သိပ်သေချာသွားပြီကိုချိုတူးဇော်။
အစ်ကို့ကို ကျွန်တော် မြို့ပြကျောင်းသူကို မွေးထုတ်လိုက်သူအဖြစ်နဲ့လေးစားခဲ့တဲ့သူပါ။ထားပါတော့ ဘယ်သူမှတသက်လုံးရွှေထီးဆောင်းလို့မရပါဘူး။
ှုငှက်ကြီးနဲ့ပတ်သက်ပြီးအစ်ကိုရေးတာတော်တော်လွန်တယ်လို့ကျွန်တော်ထင်တယ်။အစ်ကိုမကြိုက်တာကိုကျွန်တော်အပြစ်မတင်ပါဘူး။ဖြစ်တတ်ပါတယ်။
ဒါပေမယ့်ကျွန်တော်သိလိုက်တာက အစ်ကိုဟာဂီတကို နကန်း တစ်လုံးမှကိုနားမလည်တာကိုတော့သိလိုက်ရတယ်။အစ်ကိုပြောထားတဲ့ ယှဉ်တွဲပြပြီးပြောခဲ့
တဲ့အထဲမှာ အခြားသူတွေရဲ့ နာမတွေ ပါဝင်ပတ်သက်နေလို့ ကျွန်တော်အသေးစိတ်မဆွေးနွေးချင်ပါဘူး။ဒါပေမယ့် သေသူရဲ့အထက်မှာတက်ရပ်ပြီး ကိုယ်ကိုကိုယ်
လူရာဝင်ချင်စိတ်နဲ့ ပွဲလှန့်တာကတော့ တော်တော်မကောင်းတဲ့ကိစ္စပါ။တကယ်တန်းပွဲလန့်တော့ကော..။ ကိုယ်ကိုယ်တိုင်လဲဖျာတောင်ခင်းနိုင်တဲ့အရည်အချင်းမှမရှိ။
မြင်းထိန်း ငတာနဲ့  ဥတုဘောဇန ကျမ်းနဲ့ မဆိုင်သလိုမျိုး အညွန်းစကားတောင်ဆိုခွင့်မရှိ တဲ့ အတန်းအစားမှာ ကိုချိုတူးဇော် ကိုမြင်လိုက်ရတာ စိတ်မကောင်းဘူးဗျာ။
ကျွန်တော် တစ်ခုကလေးပဲပြောပြမယ်။ ဆိုလွယ်တေးတွေကိုကြိုက်တာကိုအပြစ်မပြောချင်ပါဘူး။ဒါပေမယ့် အစ်ကိုသိထားဖို့က ဂီတဆိုတာ စကားလုံးအားကိုး
နဲ့ ဦးရှင်ကြီးတင်တာမျိုး နတ်ပင့်တာမျိုးမဟုတ်ဘူး။ပြောမိပြန်ပြီဗျာ။ဆောရီးပါ..။မြေ့ပာဘူးလို့ ပြောထားပြီးကာမှ ပြောဖြစ်တော့မလို့။
ကဲဗျာ..ကျွန်တော်တစ်ခုပဲအစ်ကို့ကိုသဲလွန်စရအောင်ပြောချင်ပါတယ်။ရာဇဝင်များရဲ့သတို့သမီးကို အစ်ကို သေချာပြန်နားထောင်လိုက်ပါ။ရေကင်းသံနဲ့စထွက်တာ
ကိုကြားရပါလိမ့်မယ်။အဲလိုပြောရင်ကောအစ်ကိုသိပါမလားလို့စိုးရီမ်လို့ ကျွန်တော်ထပ်ပြောပါရစေ။ " ရေကင်းသံ" လို့ကျွန်တော်တို့ပြောတဲ့ တီးလုံးတီးကွက်ကလေးက
ဘယ်ကလာတာလဲဆိုရင်..အရင် မန်းနေပြည်တော် မှာလှေနဲ့ လှည့်တဲ့ကင်းစစ်သည်တွေ..ဧရာဝတီ မြစ်ထဲမှာလှည့်တဲ့စစ်သည်တွေက ရဟန်းရှင်လူပြည်သူအများ အိပ်ချိန်မှာ
အနှောင့်အယှက်မဖြစ်အောင်၊အိပ်မပျော်စိတ်ကူးရိုင်းတော်မူသောသူများလဲစိတ်ကူးယဉ်ပြီးအိပ်ပျော်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့တီးခဲ့တဲ့အသံသာကလေးပါ။အဲဒါကလေးကို
ငှက်ကြီး က ရာဇဝင်များရဲ့သတို့သမီး မှာဘယ်လိုပါဝင်အောင်ကြိုးစားခဲ့ရသလဲဆိုတာကျွန်တော်အသိဆုံးပဲ။ခုတော့ ဘာကိုပလာတာကြွေးတယ်ဆိုသလိုပဲ..သူလုပ်ခဲ့တာတွေကို
နိုင်ငံကျော်စွယ်စုံရအနုပညာရှင်လို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ကိုချိုတူးဇော်လို အနတက္ကမ ဆရာကြီးတောင်မသိ သလိုဖြစ်နေတယ်။
ကဲပါဗျာ ထပ်ပြောရင်ရှည်နေပါဦးမယ်။ ကိုချိုတူးဇော် ပြောစေချင်ရင်တော့အချိန်မရွေးထပ်ပြောပေးပါ့မယ်။ခုတော့မပြောချင်တော့ဘူး။ ကိုချိုတူးဇော်ရေ..
တစ်ခုပဲသတိပေးပါရစေ။အများပြည်သူချိုနေမှန်းသိပြီးသား ငှက်ကြီးလို ဂီတစပျစ် ခိုင်တစ်ခိုင်ကို ကိုချိုတူးဇော်က ဘာကြောင်ချဉ်ပါသလဲ ဆိုတာ။သေသူပေါ်မှာတက်ရပ်
ပြီး လူရာမဝင်ခြင်ပါနဲ့အစ်ကို။သြော်..နောက်တစ်ခု ထပ်ပြောပါရစေဦး..မြန်မာပြည်ကဒါရိုက်တာတွေထဲမှာလဲ ပြန်ကြည့်ပါ.။ဂီတမသိ..ပန်းချီနားမလည်နှဲ့ စကားလုံးသက်
သက် ရပ်တည်လို့မရပါဘူး။အနည်းဆုံးတော့ အနုပညာကို မချက်ပြုတ်တတ်တောင် အရသာတော့သိသင့်တယ်။ဘယ့်နှယ်ဟင်းမွှေတဲ့ယောက်မကြီးက ဟောင်ပွာဟောင်ပွာ
နဲ့ ဘယ်ကောင်မှသောက်သုံးမကျဘူးထလုပ်တာလဲ။သတိထားအစ်ကို..သစ္စကပုရပိုက် လို တော်ကြာဗိုက်ကိုသံပြားကြီးပတ်ထားနေရဦးမယ်။
(ထက်ဇော်)

No comments:

Post a Comment