Tuesday, October 7, 2014

အိမ်ခြေယာခြေမဲ့ အိမ်မက်များ(၂ )

အိမ်ခြေယာခြေမဲ့ အိမ်မက်များ(၂ )
Posted by Htet Zaw in ကဗျာ
အနီးအဝေးဆိုတာ ခရီးအရှည်ကိုတိုင်းတာလား
စိတ်အနေကိုတိုင်းတာလား..
ဘယ်လို မတ္တာ တွေကိုသုံးကြမလဲ
ခုမှပဲဝေခွဲမရဖြစ်တော့တယ်..။
တိမ်တွေကကော
ဘယ်လိုသိပ်သည်းဆမှာရွာချပြီး
ဘယ်လိုအပူချိန်မှာငွေ့ရည်စုကြမှာလဲ
သက်တမ်းကတော့ခရီးတဝက်ကျော်လာပြီ..။
သေချာပါတယ်..
အများသုံးလမ်းတွေထက်မှာ
ဘုရားတွေ ကျောင်းတွေထက်မှာ
ခရီးတွေ၊သက်တမ်းတွေကိုမထောက်ကွက်
ရင်ဘတ်တွေ၊ဦးခေါင်းတွေနဲ့ထွက်ခဲ့ကြ
ဆုတောင်းလိုက်မေတ္တာပို့လိုက်နဲ့ပဲ
စက်တင်ဘာရွှေရောင်မိုးစက်တွေက
ပြည်သူတွေချိုးဖို့ကိုယ်ကိုယ်တိုင်ရွာခဲ့ကြတယ်..။

(ထက်ဇော်)
သမိုင်းတွင်စေသည့်စက်တင်ဘာမျိုးဆက်သစ်များအတွက်

No comments:

Post a Comment